ကလေးတွေ ဉာဏ်ကောင်းဖို့ ကိုယ်လက်လှုပ်ရှားဖို့ လိုလား? ကြွက်သားတွေသန်မာဖို့ လိုလား? (အပိုင်း – ၆)

ဘေဘီလေးရဲ့ ပထမဆုံးမွေးနေ့နီးလာတဲ့အချိန်မှာ သူလေးဟာ မတ်တတ်စမ်းပါပြီ။

🎈(၇)လလောက်မှာ ဘေဘီလေးရဲ့ ကြွက်သားတွေဟာ မတ်တပ်ရပ်ဖို့ လုံလောက်စွာသန်မာလာပါတယ်။ သူ့ကို အမှီနဲ့မတ်တပ်ရပ်ပေးရင် အမှီကို ဆက်ကိုင်ထားပြီး ရပ်နေတတ်ပါတယ်။ ဒီအချိန်မှာ သူ့ကိုယ်သူ ဟန်ချက်ဘယ်လိုထိန်းရမလဲဆိုတာ သေချာမသိသေးပါဘူး။ ဒါကြောင့် လဲတဲ့အခါ သူ့အတွက်ဘေးကင်းဖို့ သူ့အနားကခိုက်မိနိုင်တဲ့ အရာတွေဖယ်ထားပေးဖို့နဲ့ လဲရင်မနာဖို့ ကူရှင်တချို့ခံထားပေးဖို့လိုပါတယ်။

🎈တစ်လခန့်အကြာမှာ သူ့ရဲ့ လက်ကို ဆန့်ထုတ်ပြီး သူ့ကိုယ်သူဟန်ချက်ထိန်းနိုင်တယ်ဆိုတာကို သိလာပါတယ်။

🎈ကိုးလခန့်အကြာမှာ တစ်ခုခုကိုဆွဲပြီးမတ်တပ်ရပ်ဖို့ ကြိုးစားလိုက်၊ လဲလိုက်ဖြစ်နေတတ်ပါတယ်။ အလေ့အကျင့်ရလာတဲ့ အခါမှာတော့ တည်တည်ငြိမ်ငြိမ်ရပ်နိုင်လာပါတယ်။

🎈ဆယ်လကနေ တစ်နှစ်ခန့်မှာတော့ သူကိုယ်သူယုံကြည်ချက်အပြည့်နဲ့ အမှီမပါဘဲ မတ်တပ်ရပ်နိုင်ပါပြီ။ ဒီလိုကြိုးစားရတာဟာ သူ့အတွက်တော့ ကြီးမားတဲ့ အားထုတ်မှုတစ်ခုပဲ ဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

မေတ္တာဖြင့်

မာရီယာ

#CraftedByMaria

Leave a comment

Design a site like this with WordPress.com
Get started