ကလေးတွေ ဉာဏ်ကောင်းဖို့ ကိုယ်လက်လှုပ်ရှားဖို့ လိုလား? ကြွက်သားတွေသန်မာဖို့ လိုလား? (အပိုင်း – ၅)

🚩 မွေးကတည်းက လူကြီးထားရာ ငြိမ်ငြိမ်လေးနေလာရတဲ့ဘေဘီလေးက ၈ လခန့်ကစပြီး ရွေ့လျားချင်လာပါပြီ။ သူလေးဟာ သူ့အားသူကိုးပြီး စတင်ရွေ့လျားပါတော့မယ်။ တွားသွားပါတော့မယ်။

🚩 တွားသွားတယ်ဆိုတာ ဘေဘီလေးအတွက်တော့ အရေးပါတဲ့ စွန့်စားမှုတစ်ခုလည်း ဖြစ်ပါတယ်။ သူသွားချင်တဲ့နေရာကို သူကိုယ်တိုင်ရောက်အောင်သွားပြီး ဆန်းပြားတဲ့ ကမ္ဘာလောကကြီးကို စတင်လေ့လာပါတော့မယ်။ ဘယ်လောက်တောင် သွားနိုင်သလဲဆိုရင် baby’s day out ရုပ်ရှင်က သက်သေပဲနော်။

🚩 ဆိုတော့ကာ တွားသွားတဲ့အချိန်မှာ ဘေဘီလေးဘာတွေလုပ်ရသလဲဆိုတာ နည်းနည်းထပ်ပြောရအောင်နော်။ ဘေဘီလေးက ပထမဆုံး သူ့လက်နဲ့ ဒူးဟန်ချက်ညီအောင် ထိန်းရတယ်။ ထိန်းနိုင်ပြီဆိုရင် ဒူးကို သုံးပြီး ရှေ့နောက်ရွေ့လျားဖို့ သူကြိုးစားရပါပြီ။

🚩 ဒီလိုရွေ့လျားပြီဆိုရင် သူတွားသွားတဲ့ပုံစံမှန်မမှန်ထက် သူတွားသွားဖို့ပဲ အားပေးပေးပါ။ ဘေဘီလေးကို ရှေ့ကနေ ကစားစရာလေးတွေနဲ့ မြူပေးတာမျိုး၊ သူနဲ့အတူလူကြီးကလိုက်ပြီး တွားသွားတာမျိုးလုပ်ပေးနိုင်ရင် ကောင်းပါတယ်။ သူ့လို လူကြီးက တွားသွားတဲ့ အနေအထားလိုက်လုပ်ပေးတာက ဘေဘီလေးအနီးပါတ်ဝန်းကျင်က အန္တရာယ်ရှိနိုင်တဲ့ အရာတွေကို ပိုပြီးမြင်လာစေနိုင်ပါတယ်။

🚩 ဘေဘီလေးက တွားမသွားဘူးဆိုရင်ရော? ဘေဘီလေးက တနည်းနည်းနဲ့ စတင်ရွေ့လျားဖို့ ကြိုးစားနေသရွေ့ ဒီအရွယ်မှာ စ်ုးရိမ်စရာမရှိပါဘူး။ တချို့ကလေးတွေဆိုရင် တွားမသွားဘဲ တန်းပြီးမတ်တပ်ရပ်ဖို့ ကြိုးစားတတ်ပါတယ်။ လမစေ့ဘဲမွေးတဲ့ကလေးတွေဆိုရင် သူတို့နဲ့ရွယ်တူမွေးတဲ့ ကလေးတွေထက် နောက်ကျပြီးမှ တွားသွားတတ်ပါတယ်။ ဒါက စိုးရိမ်စရာမရှိပါဘူး။

(ဆက်လက်ဖော်ပြပါမည်)

မေတ္တာဖြင့်

မာရီယာ

#CraftedByMaria

Leave a comment

Design a site like this with WordPress.com
Get started