ကလေးတွေ ဉာဏ်ကောင်းဖို့ ကိုယ်လက်လှုပ်ရှားဖို့ လိုလား? ကြွက်သားတွေသန်မာဖို့ လိုလား? (အပိုင်း – ၇)

ကဲ (၆)လဆိုတော့ ဘေဘီလေး ထိုင်နိုင်ပြီ။ ထိုင်နိုင်တဲ့အရွယ်မှာ တခြား fine motor နဲ့ဆိုင်တဲ့အရာတွေလည်း အချိန်နှင့်အမျှ ဖွံ့ဖြိုးလာပါပြီ။ ဘာတွေဖွံ့ဖြိုးလာလဲ ဆိုတော့……….

♦️ထိုင်ရင်းကနေ သူ့ဘေးပတ်ဝန်းကျင်ကအရာတွေကို လိုက်ကြည့်တတ်လာပြီ။

♦️မှန်ကြည့်ရတာ ကြိုက်လာတယ်။

♦️အရာဝတ္ထုတွေကို လိုက်ကိုင်ဖို့ ကြိုးစားတယ်။ ကိုင်ပြီးပါးစပ်ထဲ ထည့်တတ်လာတယ်။

♦️အသံလာရာကို လှည့်ကြည့်တတ်လာတယ်။ သူ့နာမည်ခေါ်ရင် ပြန်ကြည့်တာပဲ ဖြစ်ဖြစ်၊ လှုပ်ရှားမှုတစ်ခုခုလုပ်တာပဲ ဖြစ်ဖြစ် တစ်ခုခုနဲ့ တုံ့ပြန်တတ်လာတယ်။

♦️အသံအတိုးအကျယ်၊ pitch အနိမ့်အမြင့်တွေနဲ့ အသံပြုတတ်လာတယ်။

♦️တခြားသူရဲ့ စိတ်ခံစားမှုတွေ (ဥပမာ ပျော်တာ၊ ဝမ်းနည်းတာ)ကို တုံ့ပြန်မှုပြုတတ်လာတယ်။

(၆)လမှာ ဘေဘီလေးဟာ ကောင်းကောင်းမွန်မွန်ထိုင်နိုင်ပေမယ့် ဒီလို fine motor နဲ့ ဆိုင်တဲ့ ဖွံ့ဖြိုးမှုတွေ မတွေ့ရရင်တော့ သတိထားရမဲ့ အနေအထားပါ။ ဖွံ့ဖြိုးမှုတစ်ခုခုမှာ နောက်ကျကျန်နေနိုင်တဲ့အတွက် ကျွမ်းကျင်သူနဲ့ တိုင်ပင်သင့်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

မေတ္တာဖြင့်

မာရီယာ

#CraftedByMaria

photo – credit

Leave a comment

Design a site like this with WordPress.com
Get started