ကလေးတွေ ဉာဏ်ကောင်းဖို့ ကိုယ်လက်လှုပ်ရှားဖို့ လိုလား? ကြွက်သားတွေသန်မာဖို့ လိုလား? (အပိုင်း – ၄)

ဘေဘီလေး ထိုင်လို့ရပါပီ !! 👶👶

———————–

♦️ သုံးလေးလအရွယ်ရောက်တဲ့အခါ ဘေဘီလေးက tummy time ကနေ ဖွံ့ဖြိုးမှုနောက်တဆင့်ထပ်တက်ချင်ပါပီတဲ့ ….ဘာလုပ်မလဲဆိုတော့ ထိုင်ပါမယ်တဲ့ 🧘‍♀️🧘‍♂️

♦️ ကလေးအများစုကတော့ ခေါင်းခိုင်ပြီး လေးငါးလရွယ်ရောက်ပြီဆိုရင် ထိုင်ဖို့စတင်ကြိုးစားတတ်ကြပါတယ်။ စထိုင်တဲ့ အသက်အပိုင်းအခြားကတော့ တစ်ယောက်နဲ့တစ်ယောက်နည်းနည်းကွာတတ်ပါတယ်။

♦️ ပထမဆုံးစထိုင်ရင်တော့ လူကြီးကနည်းနည်းထိန်းပေးဖို့လိုပါတယ်။ ခြောက်လခန့်မှာ လည်ပင်း၊ ခန္ဓာကိုယ်အပေါ်ပိုင်း ကြွက်သားတွေ ကောင်းမွန်စွာ ဖွံ့ဖြိုးလာပြီး အမှီမပါ ထိန်းပေးစရာမလိုဘဲ ထိုင်နိုင်လာပါတယ်။

♦️ ၇ လ အရွယ်ရောက်တဲ့အထိ အမှီမပါဘဲ မထိုင်နိုင်သေးရင်တော့ တတ်ကျွမ်းသူတစ်ယောက်ယောက်နဲ့ ပြသဖို့လိုပါတယ်နော်။

(ဆက်လက်ဖော်ပြပါမည်။)

မေတ္တာဖြင့်

မာရီယာ

#CraftedByMaria

Leave a comment

Design a site like this with WordPress.com
Get started