ကလေးတွေ ဉာဏ်ကောင်းဖို့ ကိုယ်လက်လှုပ်ရှားဖို့ လိုလား? ကြွက်သားတွေသန်မာဖို့ လိုလား? (အပိုင်း – ၉)

ဘေဘီလေးဟာ မတ်တပ်ရပ်နိုင်တဲ့ အချိန်မှာပဲ…..

🎈ဆုပ်ကိုင်ထားတဲ့ ပစ္စည်းကို ပြန်လွှတ်ပေးတတ်လာတယ်။

🎈ကစားစရာပစ္စည်းတွေကို လူကြီးကတောင်းရင် ပေးတတ်လာတယ်။

🎈အခြားသူရဲ့ အာရုံစိုက်ခံရမှုကို ကြိုက်လာတယ်။ တခြားသူရဲ့ တုံ့ပြန်မှုကိုရနိုင်မယ့် အပြုအမူလေးတွေ လုပ်ပြတတ်လာတယ်။

🎈သူများရဲ့ ဟန်ပန်အမူအရာတွေကို လိုက်လုပ်တတ်လာတယ်။

🎈ပတ်ဝန်းကျင်ကို လေ့လာတတ်လာတယ်။

🎈အဖုံးကို ဖယ်ပြီး ဗူးထဲက ပစ္စည်းကို ရှာယူတတ်လာတယ်။

🎈စကားစပြောတတ်လာတယ်။

(ဆက်လက်ဖော်ပြပါမည်)

မေတ္တာဖြင့်

မာရီယာ

#CraftedByMaria

Leave a comment

Design a site like this with WordPress.com
Get started