ကလေးတွေ ဉာဏ်ကောင်းဖို့ ကိုယ်လက်လှုပ်ရှားဖို့ လိုလား? ကြွက်သားတွေသန်မာဖို့ လိုလား? (အပိုင်း – ၂)

◊ Gross motor skills ဖွံ့ဖြိုးဖို့ဆိုရင် ခန္ဓာကိုယ်ကို အဓိကထောက်ခံပေးထားတဲ့ ခြေတွေလက်တွေစတဲ့ အချက်အချာကျတဲ့နေရာက ကြွက်သားတွေ သန်မာဖို့လိုတယ်။ ဒီလိုသန်မာဖို့ဆိုရင် သူတို့လေးတွေကို tummy time လို့ခေါ်တဲ့ စမှောက်တဲ့ အချိန်ကစပြီး လေးဘက်သွားပြီး မတ်တပ်ရပ်နိုင်တဲ့အထိ ဖွံ့ဖြိုးမှုကို အားပေးတဲ့ လေ့ကျင့်ခန်းများများ လုပ်ပေးနိုင်ရင် အကောင်းဆုံးပေါ့။ မတ်တပ်ရပ်နိုင်ပြီးရင်

– ပြေးမယ်

– ခုန်မယ်

– ဘောလုံးကန်မယ်

– scooter, စက်ဘီးစတာတွေ စီးမယ်

– ဟန်ချက်ထိန်းတာကို အားပေးတဲ့ လေ့ကျင့်ခန်းတွေ လုပ်မယ်။

◊ Fine motor skills ကောင်းကောင်းဖွံ့ဖြိုးဖို့ဆိုရင် ခန္ဓာကိုယ်အပေါ်ပိုင်း ကြွက်သားတွေ အရင်ဆုံး သန်မာဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်အဖျားမှာ ရှိတဲ့ ကြွက်သားလေးတွေရဲ့ လှုပ်ရှားမှုကို ထောက်ပံ့ပေးမှာက လက်အရင်းက ကြွက်သားတွေပါ။ Fine motor skills ဖွံ့ဖြိုးဖို့ အောက်ပါလှုပ်ရှားမှုတွေ ကျင့်ပေးလို့ ရပါတယ်။

– လက်ချောင်းလေးတွေနဲ့ အစာကို ယူစားစေမယ်

– ပျော့အိပြီး နူးညံ့တဲ့ (ဉပမာ ဂျုံ) အရာတွေကို နယ်မယ်

– ကျယ်သီးတပ်ဖြုတ်/ဇစ်တပ်ဖြုတ် ကျင့်ပေးမယ်

– အရောင်ခြယ်မယ်

– ကြိုးလေးတွေ ချည်ခိုင်းကြည့်မယ်

(ဆက်လက်ဖော်ပြပါမည်။)

မေတ္တာဖြင့်

မာရီယာ

Leave a comment

Design a site like this with WordPress.com
Get started