ကလေးတွေ ဉာဏ်ကောင်းဖို့ ကိုယ်လက်လှုပ်ရှားဖို့ လိုလား? ကြွက်သားတွေသန်မာဖို့ လိုလား? (အပိုင်း – ၁)

တချို့တွေပြောတာကြားဖူးပါလိမ့်မယ်။ ကိုယ်လက်လှုပ်ရှားတာများရင် ကလေးပင်ပန်းလိမ့်မယ်၊ ပင်ပန်းပြီး စာမမှတ်နိုင်ဖြစ်လိမ့်မယ်တဲ့။ ဒါပေမဲ့ ယနေ့အထိ တွေ့ရှိချက်တွေအရတော့ ကိုယ်လက်လှုပ်ရှားမှုဟာ ကလေးတစ်ယောက်ရဲ့ ဉီးနှောက်ဖွံ့ဖြိုးမှုနဲ့ သူရဲ့လုပ်ဆောင်ချက်တွေကို ပိုမိုကောင်းမွန်စေပါတယ်တဲ့။ ဉီးနှောက်တွင်း သွေးလည်ပတ်မှုကို ကောင်းစေတယ်၊ သတင်းအချက်အလက်ပို့ဆောင်မှုကို ပိုမိုလျှင်မြန်စေပါတယ်။ ဒီလိုဆိုတော့လည်း ကိုယ်လက်လှုပ်ရှားဖို့ ကလေးတွေရဲ့ ကြွက်သားသန်မာဖို့ လိုလာပြန်ရော။

ကြွက်သားသန်မာဖို့ဆိုတဲ့နေရာမှာ အကြမ်းအားဖြင့် Gross motor skills development နဲ့ Fine motor skills development ဆိုပြီး (၂) မျိုးခွဲခြားလို့ ရပါတယ်။

Gross motor skills ဆိုတာကတော့ ခန္ဓာကိုယ်ရဲ့ ရွေ့လျားမှုတွေကို အဓိကတာဝန်ယူရတဲ့ ကြွက်သားတွေရဲ့လုပ်ဆောင်ချက်တွေကို ခေါ်ပါတယ်။

လက်ချောင်းလေးတွေမှာရှိတဲ့ ကြွက်သားငယ်တွေရဲ့ အနုစိတ်လုပ်ဆောင်မှုတွေကိုတော့ Fine motor skills လို့ ခေါ်ပါတယ်။ (အရောင်ခြယ်တာ၊ ပုံဆွဲတာ၊ ကြယ်သီးတပ်ဖြုတ်လုပ်တာ၊ စာရေးတာ)

(ဆက်လက်ဖော်ပြပါမည်။)

မေတ္တာဖြင့်

မာရီယာ

Design a site like this with WordPress.com
Get started